ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်လားမား တွေ့ဆုံ

ချက်သမ္မတနိုင်ငံကိုရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

ပရပ်မြို့ Forum 2000 ညီလာခံပြင်ပမှာ  ဒလိုင်လားမားရဲ့ ဟောပြောပွဲအပြီး အလွတ်သဘော တွေ့ဆုံခဲ့တာဖြစ်ကြောင်း ညီလာခံပြောခွင့်ရသူက အတည်ပြုပြောကြားပါတယ်။

တရုတ်အစိုးရကတော့ နိုင်ငံရေးအရ ထင်ရှားသူခေါင်းဆောင်တွေကို ဒလိုင်လားမားနဲ့ မတွေ့စေချင်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒလိုင်လားမားတို့ဟာ မနှစ်က လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြဖူးပါတယ်။

ဒီနှစ်မှာတော့ ပရပ်မြို့က Forum 2000 ညီလာခံမှာ အတူဟောပြောခဲ့ကြပါတယ်။ နှစ်ဦးလုံးက ကွယ်လွန်သူ ချက်ဒီမိုကရေစီခေါင်းဆောင် သမ္မတဟောင်း Vaclav Havel ကို ချီးကျုးဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org