နိုင်ငံတကာ ကုန်သွယ်ရေး ခုံရုံးအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ဝင်ဖို့ လွှတ်တော်မှာ ဆုံးဖြတ်

နိုင်ငံအချင်းချင်းကြား ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ သမာဓိခုံရုံး New York Convention နယူးယောက် သဘောတူညီချက်အဖွဲ့ဝင်နိုင်ငံများအဖွဲ့မှာ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ဒီကနေ့ မတ်လ ၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ၇ ဦး ဆွေးနွေး ခဲ့ပြီး လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော် တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ပုံ photo: RFA/ Win Naung Toe

နိုင်ငံအချင်းချင်းကြား ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ သမာဓိခုံရုံး New York Convention နယူးယောက် သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများအဖွဲ့မှာ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ဒီကနေ့ မတ်လ ၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ၇ ဦး ဆွေးနွေးခဲ့ပြီး လွှတ်တော်က အတည်ပြုဆုံးဖြတ် ခဲ့ပါတယ်။

နယူးယောက် သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ခိုင်မာပြီး အဆင့်အတန်းမှီဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆွေးနွေးပါတယ်။

မကြာခင်ဝင်ရောက်လာတော့မယ့် နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအတွင်းက အခင်းအကျင်းတွေကို အပြည့်အဝယုံကြည်မှုရှိလာဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ခဲ့ပါတယ်။

နယူးယောက်ခုံသမာဓိ ဖွဲ့စည်းဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီချက်မှာ အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်အသီးသီးရဲ့ ပါဝင်ဆွေးနွေးချက်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org