ရေဘေးအတွက် တပ်မတော်လေတပ် အကူညီ နဲ့ ဒေါ်အောင်ဆန်းစုကြည် လှူဒါန်း

ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည် နယ်တောင်ပိုင်း ပလက်ဝမြို့နဲ့ အနီးတဝိုက်နေ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ စားနပ်ရိက္ခာနဲ့လူသုံးကုန် ပစ္စည်းတွေကို ကူညီပို့ဆောင်ပေး ဖို့ တပ်မတော်လေတပ်ကို မနေ့က လွှဲပြောင်းပေးအပ်လိုက် ပါတယ်။

ပဲခူးမြို့မှာ သြဂုတ်လ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် Photo: Kyaw Htoon Naing/RFA

ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နဲ့ အနီးတဝိုက်နေ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ စားနပ်ရိက္ခာနဲ့လူသုံးကုန် ပစ္စည်းတွေကို ကူညီပို့ဆောင်ပေးဖို့ တပ်မတော်လေတပ်ကို မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

အဲဒီ ထောက်ပံရေးပစ္စည်းတွေကို ပလက်ဝမြို့ ပို့ပေးဖို့ အတွက် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်က ဗိုလ်မှူးကြီးအောင်ကျော်ထွန်းထံ ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့တဲ့စာနဲ့ လေတပ်စခန်းက ပစ္စည်းတွေ လက်ခံရယူခဲ့တဲ့ ဓါတ်ပုံတွေကိုလည်း ဒေါ်ခင်ကြည်ရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဂုတ်လ ၅ ရက်နေ့စွဲနဲ့ ရေးသားတဲ့စာမှာ ရေဘေးသင့် နေတဲ့ ချင်းပြည်နယ် ပလက်ဝဒေသခံပြည်သူတွေအတွက် တစ်ထုပ်ကို ကျပ် ၅ သောင်း ကျော်တန်ဖိုးပါဝင်တဲ့ အရေးပေါ်ထောက် ပံ့ရေးပစ္စည်း အထုပ် ၅ဝ ကို တပ်မတော်က လေယာဉ်ပျံတွေ ရဟတ်ယာဉ်တွေနဲ့ ကူညီပို့ဆောင်ပေးစေ လိုကြောင်း၊ အထုပ်တစ်ထုပ်မှာ ဆန်ငါးပြည်နဲ့အတူ ငါးသတ္ထာတွေ၊ တာလပတ်၊ ခြင်ထောင်၊ စောင်၊ တောစီးဖိနပ်၊ အိုးခွက်စတဲ့ ပစ္စည်းတွေပါဝင်ပြီး ဆန်အိတ်တွေ ကို ရေမစိုအောင် ပလပ်စတစ်နဲ့ လေးထပ်ထုပ်ပိုးထားကြောင်းစသဖြင့် ပါရှိပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဖွဲ့စည်းထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအဖွဲ့ကို ရေဘေးဒဏ်ကယ်ဆယ်ရေးအတွက် မနေ့က ညနေအထိ ပြည်တွင်းပြည်ပ အလှူငွေ ကျပ် သိန်းပေါင်း ၉၃ဝ ကျော်ရှိပါတယ်။

ပြည်ပအလှူရှင်တွေထဲမှာ အများဆုံးက ရန်ကုန်မြို့ရှိ ILBC,YIS နဲ့ အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း ကဖြစ်ပြီး လှူဒါန်းငွေကျပ် သိန်း ၅ဝဝ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေကလည်း ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို အများအပြားလှူဒါန်းနေကြပြီး  ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ် လစ်မြို့မှာ နေထိုင်သူ ဇနီးမောင်နှံ၂ ဦးက သူတို့အိမ်ပြင်ဖို့စုဆောင်းထားတဲ့ ငွေ ကျပ်သိန်း ၁ဝဝ ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org