ဒေါ်အောင်ဆန်းစုကြည် နေအိမ် နံပါတ်ပြားနဲ့ ဂိတ်တံခါး လေလံ တင်ရောင်းချမည်

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဂိတ်တံခါးနဲ့ အိမ်နံပါတ်ပြားကို ကြမ်းခင်းဈေး ကျပ်သိန်း နှစ်ထောင် နဲ့ လေလံတင်ရောင်းချသွားမယ်လို့ လက်ဝယ်ပိုင်ဆိုင် ထားသူ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်က ဒီနေ့ ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် နေအိမ် ဂိတ်တံခါးနဲ့ အိမ်နံပါတ်ပြားကို ကြမ်းခင်းဈေး ကျပ်သိန်း နှစ်ထောင်နဲ့ လေလံ တင်ရောင်းချသွားမယ်လို့ လက်ဝယ်ပိုင်ဆိုင် ထားသူ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်က ဒီနေ့ ကြေညာလိုက်ပါတယ်။

လေလံတင်ရောင်းချလို့ရရှိတဲ့ ငွေကြေးတွေကို ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အခမ်းအနားနဲ့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တည်ဆောက်ရာမှာ သုံးစွဲသွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီ အိမ်နံပါတ်ပြားနဲ့ ဂိတ်တံခါးဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

လေလံပွဲကျင်းပမယ့် နေ့ရက်ကို မကြာခင် ထပ်မံကြေညာမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org