အတိုင်ပင်ခံ ပုဂ္ဂိုလ် NHK နဲ့ အင်တာဗျူး

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဂျပန်သတင်းဌာန NHK နဲ့ ဒီနေ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျပန်သတင်းဌာန NHK တို့ ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က အင်တာဗျူး ပြုလုပ်စဉ် Photo: Myanmar State Counsellor Office

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဂျပန်သတင်းဌာန NHK နဲ့ ဒီနေ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မဲခေါင်- ဂျပန် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ရရှိလာနိုင်တဲ့ အကျိုးရလဒ်တွေကိုလည်း Hotel New Otani Tokyo ဟိုတယ်မှာ ဒီနေ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်တာဗျူးအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ စစ်သံရုံးတွေက ဝန်ထမ်းတွေ မိသားစုဝင်တွေကို တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်နဲ့ ဂျပန်နိုင်ငံခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးဖို့ ဂျပန်နိုင်ငံကို အောက်တိုဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၆ ရက်ကြာ သွားရောက်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org