နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံ

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံကူး လက်မှတ်အခက်အခဲနဲ့ အခွန်ပေးဆောင်ရတဲ့အခက်အ ခဲတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေတစ် ဆင့် ဖြေရှင်းပေးမယ်လို့ ဒီနေ့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ် မှာ မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ဆုံနေစဉ် Photo: Ministry of Foreign Affairs Myanmar/ Facebook

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံကူးလက်မှတ်အခက်အခဲနဲ့ အခွန်ပေးဆောင်ရတဲ့ အခက်အခဲတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးကနေတဆင့် ဖြေရှင်းပေးမယ်လို့ ဒီနေ့ ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြော ခဲ့တာဖြစ်တယ်လို့ ၁၉ နှစ်ကြာ ဂျပန်နိုင်ငံ ကိုေရာက်နေတဲ့ ကိုမိုင်ကျော်ဦးက ပြောပါတယ်။

"တချို့ဒီမှာ နိုင်ငံရေးအရ နှစ်ပေါင်းများစွာနေပြီးတော့မှ စာအုပ်သက်တမ်း မရှိတော့တဲ့ဟာတွေ၊ သံရုံးကနေ ပြီးတော့ မြန်မာနိုင်ငံသားစာအုပ် မရှိတဲ့ဟာတွေ နိုင်ငံသားပျောက်နေတဲ့ဟာတွေ မြန်မြန်ဆန်ဆန်ဖြစ် လာအောင် ဆောင်ရွက်ကြဖို့ဆိုတဲ့ဟာမျိုးကို ပြောတာလည်းတွေ့ရပါတယ်၊"

ဂျပန်နိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက ပညာတော်သင်ရရပြီး ပညာကြားခွင့်ရနေကြသူတွေ၊ စီးပွားရေးအရ လေ့လာဖို့ အခွင့်အလမ်းရနေသူတွေအပြင် ဂျပန်နိုင်ငံမှာ အခြေချနေထိုင်ကြသူတွေအနေ နဲ့ မြန်မာနိုင်ငံကို ပြန်လည်အကျိုးပြုစေချင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ တက်ရောက်လာကြသူတွေ မေးမြန်းတဲ့အထဲက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲဖို့ အခက်အခဲတွေက ဘာဖြစ်မလဲဆိုတဲ့မေးခွန်းကို ပြည်တွင်းစစ် မရပ်စဲချင်တဲ့ စိတ်ဓာတ်တွေကြောင့်လို့ ဖြစ်တယ်လို့ ပြန်လည်ဖြေကြား ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့လည်း တချိန်လုံးဆွေးနွေးနေတယ်လို့ လည်း ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်ကြောင့် ဂျပန်နိုင်ငံ ကို နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ချစ်ကြည်ရေးခရီးအဖြစ်နဲ့ ရောက်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org