ဒေါ်အောင်ဆန်းစုကြည် ကချင် ခရီးစဉ် အောက်တိုဘာ ၂ ရက်နေ့ စတင်မည်
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အောက်တိုဘာလ ၂ ရက်နေ့ကေ န ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်စတဲ့ မြို့တွေမှာ ရွေးကောက်ပွဲ အသိ ပညာပေးဟောပြောပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။
-
2015-09-29 -
-
-
Your browser doesn’t support HTML5 audio
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အောက်တိုဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီး နား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်စတဲ့ မြို့တွေမှာ ရွေးကောက်ပွဲအသိပညာပေးဟောပြောပွဲတွေ ကျင်းပသွားမယ် လို့ သိရပါတယ်။
မြစ်ကြီးနားမြို့က မနောကွင်းကို နိုင်ငံရေးပါတီတွေ အသုံးပြုခွင့် ပိတ်ပင်လိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဆင်ပြေတဲ့နေရာတစ်ခုမှာ ဟောပြောမှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ပြောမယ့်နေရာကို သူတို့ကခွင့်မပြုဘူးပေါ့၊ ကျနော်တို့အတွက်က ဘာမှအရေးမကြီးဘူး၊ မထူးခြားဘူး၊ ခွင့်မပြုလို့ရှိရင် ခွင့်ပြုမည့်နေရာသွားမယ်၊ ဘယ်မှခွင့်မပြုရင် လယ်ကွင်းထဲမှာသွားပြီး တရားဟော မယ်၊ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာသွားသွား လိုက်မယ့်ပရိသတ်ရှိတဲ့အတွက်ကြောင့်မို့ ဒါကဘာမှကြီးကျယ်တဲ့ပြဿနာမဟုတ်ပါဘူး"
ကချင်ပြည်နယ်ထဲမှာ ကေအိုင်အိုနဲ့ တပ်မတော်တို့ မန်စီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ခရီးစဉ်ပြီးရင် ရခိုင်ပြည်နယ်က မြို့နယ်တစ်ချို့မှာလည်း ဟောပြော ပွဲတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွက် စီစဉ်ထားမှုအခြေအနေကို NLD ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။