၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ စိုးရိမ်မှုတွေ အဖြေရှာမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး တောင်း ဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်း ဆိုမှုဟာ လောလောဆယ် ဖြစ်နိုင်မှာမဟုတ်သေးဘူး လို့ သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အပြီး မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မီဒီယာတွေ တွေ့ဆုံရှင်း လင်းနေစဉ် Photo: Myo Thant Khaing/RFA

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘာတွေကို စိုးရိမ်မှုရှိနေသလဲ ဆိုတဲ့အချက်တွေကို ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးအဖြေရှာသွား မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီရုံးမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

"ပြင်ဆင်ဖို့ မလိုဘူးဆိုတဲ့ လူတွေကတော့ ဘာစိုးရိမ် သလဲဆိုတာ အဲ့ဒါတွေကို ကျမတို့က ဆွေးနွေးချင်တာ၊ ဒါကြောင့်မို့လို့ အခု ၆ ပွင့်ဆိုင် ဖြစ်စေချင်တယ်ဆိုတာ ဒီလိုဖြစ်လာလို့ရှိရင် အဲ့ဒါကိုဆွေးနွေးရမယ့် အဓိက ကိစ္စတစ်ခု၊ ဘာတွေကိုစိုးရိမ်လို့ ဘယ်အချက်တွေကို မပြင်ချင်တာလဲ၊ ဘာတွေကိုစိုးရိမ်လို့ ဘယ်အချက်တွေ ကို ပြင်ချင်တာလဲ၊ အဲဒီ့သဘောတရားတွေ ဖလှယ်ပြီးတော့ ဒီစိုးရိမ်မှုတွေ ပပျောက်သွားအောင်လို့ ဘယ်လိုလုပ်မလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို သဘောတူညီမှုယူမလဲပေါ့၊ အဲ့ဒါကြောင့် ဆွေးနွေးပွဲဆိုတာလိုအပ်တယ်"

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဖြစ်လာရတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစလိုက်လို့ ဖြစ် လာရတဲ့လုပ်ငန်းစဉ်ဖြစ်ပြီး ပြည်သူတွေက ဖွဲ့စည်းပုံပြင်ဆင်ဖို့ လူပေါင်း ငါးသန်းက တောင်းဆိုတာဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သတင်းထောက်တစ်ဦးက NLD ရဲ့ လွှတ်တော်တွင်းမှာ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းစဉ်မှာ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က မူ ၃ ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org