၈၈ မျိုးဆက် ခေါင်းဆောင် များ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲကြေညာချက်ကို လာမယ့်သတင်းပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တွေက ပြောပါတယ်။
-
2014-02-04 -

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စတဲ့ ခေါင်းဆောင်တွေဟာ ဒီနေ့ညနေ က နေပြည်တော်မှာရှိတဲ့ နေပြည်တော်၊ အမှတ် ၂ ဧည့်ဂေဟာမှာရှိတဲ့ ဗုဗ္ဗာသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့ ဧည့်ခန်းဆောင်မှာ တွေ့ဆုံခဲ့ပါတယ်။ ကြေညာချက် ထုတ်ပြန်မယ့်အကြောင်း ကိုဂျင်မီက အခုလို ပြောပါတယ်။
“အရေးကြီးတဲ့ အသွင်ပြောင်းလဲရေးကာလမှာ ကျနော်တို့ ဒီ့ထက်ပိုမိုပြီးတော့ ပူးပေါင်းဆောင် ရွက်နိုင်ဖို့အတွက် အဓိကထားပြီးတော့ ဆွေးနွေးပါတယ်၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ရှေ့အပတ်ထဲမှာ ကျနော်တို့ရဲ့ ပူးတွဲသဘောထား ကြေညာချက်တစ်စောင် ထွက်လာပါလိမ့်မယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးပေါင်းကြေညာချက်ပါ”
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေတုန်းကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံခဲ့ကြပါတယ်။