ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ မိုဒီတည်းခိုရာ Park Royal ဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
-
2014-11-13 -
-
-
နေပြည်တော် Park Royal ဟိုတယ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ တို့တွေ့ဆုံစဉ်
Photo: NLD Facebook
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ မိုဒီတည်းခိုရာ Park Royal ဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ရာမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဒေါ်အောင်ဆန်းစုကြည် ကို ဒီမိုကရေစီရဲ့ သင်္ကေတအဖြစ် တင်စားပြော ဆိုခဲ့သလို၊ ဒေါ်အောင်ဆန်း စုကြည်ကလည်း အိန္ဒိယဟာ သူ့ရဲ့ဒုတိယ တိုင်းပြည်ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျဝန်ကြီးချုပ် Tony Abbott နဲ့လည်း မနေ့ကတွေ့ဆုံခဲ့ပါတယ်။ သြစတြေးလျဝန်ကြီးချုပ် ဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံအပြီးမှာ သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။