ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေနေ့ခင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နဲ့ တွေ့ဆုံပြီး ဂျပန်မြန်မာနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရုံးခန်းမှာ ဧပြီလ ၁၈ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(Shinzo Abe) တို့ တွေ့ဆုံကြစဉ် photo: AFP

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ  ဒီကနေ နေ့ခင်းက  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)နဲ့ တွေ့ဆုံပြီး  ဂျပန်မြန်မာနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ကလည်း  ကမ္ဘာအမြင့်ဆုံး မျှော်စင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Tokyo Skytree မျှော်စင်ကို တက်ရောက်လေ့လာခဲ့သလို နာမည်ကြီး ဂျပန် အီလက်ထရောနစ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Panasonic Center ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဧပြီလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ  ဂျပန်အိမ်ရှေ့မင်းသား Naruhito နာရူဟီတိုနဲ့ တိုကျိုမြို့တော်က တိုဂူးနန်းတော်မှာ တွေ့ဆုံခဲ့သလို ဂျပန်အောက်လွှတ်တော်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org