ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ မနက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းတို့ သတင်းထောက်များနဲ့ တွေ့ဆုံစဉ်

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ရံုံးခန်းမှာ ၂ နာရီ လောက်ကြာ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ဆန္ဒအတိုင်း အကောင်အထည် ဖေါ်နိုင်ဖို့အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

ခေါင်းဆောင်တွေအားလုံးက တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်ထားပြီးဖြစ်ပြီး လာမယ့်သီတင်းပတ်အတွင်း ခေါင်းဆောင်တွေ တွေ့ဆုံကြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org