အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
အမေရိကန်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့မနက် က နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအဆောင်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
-
2016-01-18 -
-
-
အမေရိကန်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့မနက်က နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အမေရိကန်အစိုးရ ထိပ်တန်းသံတမန်တချို့ တက်ရောက်ခဲ့ကြပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကာလနဲ့ ပတ်သက်ပြီး ဆွေးနွေးတာဖြစ်ကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုကူညီရမလဲဆိုတာကို ဆွေးနွေးကြတာလို့ ပြောပါတယ်။
Mr. Blinken ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေ ၄ နာရီမှာ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော် Kempinski ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ပါတယ်။