ကာချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံ


2015.12.02
dassk-minaunghlaing-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံကြစဉ်
Photo: RFA

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီနေ့နေ့လည် ၂ နာရီက နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ သီးသန့်တံခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲဟာ တစ်နာရီလောက်ကြာခဲ့ပြီး ကောင်းမွန်တဲ့ဆွေးနွေးပွဲဖြစ်ခဲ့ကြောင်း၊ တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်း ဆွေးနွေးအပြီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပါတယ်၊ ကောင်းမွန်တဲ့ဆွေးနွေးမှုရပါတယ်"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်မှာတော့ ဒီနေ့ ဆွေးနွေးပွဲမှာ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖံ့ွဖြိုး တိုးတက်ရေးတို့အတွက် နှစ်ဘက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ သီးသန့်တွေ့ဆုံဆွေးနွေးတာဟာ ပထမဆုံးအကြိမ် လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။