ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ လူထုဆန္ဒခံယူပွဲ တက်ရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကော့မှူးမြို့နယ်သို့ မေလ ၁၆ ရက်နေ့က သွားရောက်စဉ် Photo: RFA/ Kyaw Zawe Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ ၂၂ ရက်နေ့ စနေနေ့ မနက်ပိုင်း နေပြည်တော်ကနေ ထွက်ခွာမယ်၊ ညနေပိုင်းမှာ မိုးကုတ်မြို့က ဘောလုံးကွင်းမှာ လူထုဟောပြောပွဲလုပ်ပါမယ်၊ မိုးကုတ်မှာညအိပ်ပြီး နောက်တစ်နေ့မနက်ပိုင်းမှာ ကျပ်ပြင်မှာ ဟောပြောပွဲတခါလုပ်ပါမယ်၊ အခြေခံဥပဒေပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာပါ၊ ပြီးတာနဲ့ ပြင်ဦးလွင်က တော်ဝင်နှင်းဆီခြံမှာ ပြီးခဲ့တဲ့ ဧရာဝတီစာပေပွဲတော်တုန်းက အကြောင်းကြောင်းကြောင့် မတွေ့ဆုံလိုက်ရတဲ့ မန္တလေးကစာပေအသိုင်းအဝိုင်းနဲ့ တွေ့ဆုံတဲ့ပွဲပါ၊ ပြီးတာနဲ့ နေပြည်တော်ပြန်မှာပါ"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ အခြားပါတီ အလုပ်အမှုဆောင်တွေလည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပူးပေါင်းပြင်ဆင်သွားဖို့ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org