ရွေးကောက်ပွဲမှာ နေရာအားလုံး အနိုင်ရအောင်ကြိုးစားမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပါတီအနေနဲ့ နေရာတိုင်းမှာ အနိုင်ရအောင်ကြိုးစားမှာဖြစ်ပြီး အဲ့ဒီလိုအနိုင်ရတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေးကိစ္စတရပ်အဖြစ် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပါတီအနေ နဲ့ နေရာတိုင်းမှာအနိုင်ရအောင် ကြိုးစားမှာဖြစ်ပြီး အဲ့ဒီလို အနိုင်ရတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေး ကိစ္စတရပ်အဖြစ် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အခြေခံဥပဒေပြင်ဆင်ရေးကတော့ အစ်မတို့ ဦးတည်ရမယ့်ကိစ္စဖြစ်ပါတယ်၊ ၂ဝ၁၂ ကတည်းက ဒီမူနဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့တာ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးကတည်းက NLD က တောက်လျှောက်ကန့်ကွက်ခဲ့တာပဲ ဒါဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မညီတဲ့ဥပဒေဖြစ်တယ်"

တဆက်တည်းမှာပဲ လက်ရှိအစိုးရအဖွဲ့ဝင်တွေ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်ဖို့ လှုပ်ရှားနေ ကြတာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ဒါကတော့လည်း မထူးဆန်းပါဘူး အာဏာကရထားလို့ရှိရင် လိုလိုလားလားလွှတ်ချင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ အင်မတန်နည်းပါတယ်"

ဒါ့အပြင် သူရဦးရွှေမန်းနဲ့ ရင်းနှီးမှုအပေါ် မေးမြန်းခဲ့ရာမှာတော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော် ထဲမှာ အတိုက်အခံပါတီအဖြစ် နှိမ့်ချခြင်းမရှိဘဲ တန်းတူရည်တူဆက်ဆံသူ တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org