ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်သူတွေကို ဂုဏ်ပြုကြောင်းပြော
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တရားဝင်ရလဒ်တွေ မထွက်သေးပေ မယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိန္ဒြေရှိဖို့လိုအပ်သလို နိုင် တဲ့သူကလည်း စိတ်ကိုနှိမ့်ချပြီး သဘောထားကြီးဖို့ လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
-
2015-11-09 -
-
-
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရလဒ်တွေ မထွက်သေးပေ မယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိန္ဒြေရှိဖို့လိုအပ်သလို နိုင်တဲ့သူကလည်း စိတ်ကိုနှိမ့်ချပြီး သဘောထားကြီးဖို့လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ရွှေဂုံတိုင်ဌာနချုပ်အပေါ်ထပ်ကနေ လူထုကိုမိန့်ခွန်းပြောရာမှာ အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် မကြေညာသေးတဲ့အတွက် သတိနဲ့နေကြဖို့လည်း လူထုကို ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။
မနေ့က ရွေးကောက်ပွဲအပြီးမှာ သောင်းဂဏန်းရှိမယ့် ရန်ကုန်မြို့ခံတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းခဲ့ကြပါတယ်။ မနေ့ညက စကားမပြောဖြစ်ခဲ့ဘဲ ဒီကနေ့ မနက်မှာ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သလို အရှုံး အနိုင်အဓိကမဟုတ်ဘဲ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဂုဏ်ပြုကြောင်း ပြောလိုက်တာ ဖြစ်ပါတယ်။