ငြိမ်းချမ်းရေး နိုဘယ်ဆု ပြန်ရုပ်သိမ်းဖို့ မရှိဘူးလို့ အဖွဲ့ ဥက္ကဌ ပြော
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေ သိန်းချီ ဒုက္ခရောက်နေကြတာကို နှုတ်ဆိတ်နေတဲ့အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ပြန်ရုပ်သိမ်းဖို့ ကမ္ဘာတလွှားရှိ လူပေါင်း ၃ သိန်းခွဲကျော်ကျော်က အင်တာနက်ကနေ ဆန္ဒပြု လက်မှတ်ထိုးထားပေမယ့် အဲသလိုလုပ်မှာ မဟုတ်ဘူးလို့ နော်ဝေးနိုင်ငံမှာရှိတဲ့ နိုဘယ်ဆု ကော်မတီ ဥက္ကဌက ပြောကြားပါတယ်။
-
2017-09-07 -
-
-
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေ သိန်းချီ ဒုက္ခရောက်နေကြတာကို နှုတ်ဆိတ်နေတဲ့အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ပြန်ရုတ်သိမ်းဖို့ ကမ္ဘာတလွှားရှိ လူပေါင်း ၃ သိန်းခွဲကျော်ကျော်က အင်တာနက်ကနေ ဆန္ဒပြုလက်မှတ်ထိုးထားပေမယ့် အဲသလိုလုပ်မှာ မဟုတ်ဘူးလို့ နော်ဝေးနိုင်ငံမှာရှိတဲ့ နိုဘယ်ဆု ကော်မတီ ဥက္ကဌက ပြောကြားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ေတွက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးဆိုပြီး ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်က ဘာတခုမှ မလုပ်ပေးဘူးလို့ change.org အင်တာနက် ဝက်ဘ်စာမျက်နှာမှာ လူ ၃-သိန်း ၆-သောင်းကျော်က လက်မှတ်ထိုးပြီး ကန့်ကွက်ထားတာပါ။
နိုဘယ်ဆု ကော်မတီ ဥက္ကဌက သူတို့အဖွဲ့က ဆုပေးတာဟာ မရွေးချယ်ခင်ကာလက စွမ်းဆောင် လုပ်ကိုင်ခဲ့ တာတွေအတွက်ပေးတာဖြစ်ပြီး နောက်ပိုင်းကာလကိစ္စတွေနဲ့ မသက်ဆိုင်ဘူး၊ ဘယ်ဘာသာရပ်အတွက် ပေးတာဖြစ်ဖြစ် ပြန်ရုပ်သိမ်းနိုင်တယ်ဆိုတဲ့ စည်းကမ်းချက်မပါဘူးလို့ ပြောပါတယ်။
ဒီအတွင်း ကုလသမဂ္ဂ အရာရှိတွေက ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း သြဂုတ် ၂၅ ရက်ကနေ ဒီနေ့အထိ ၁၆၄ ၀၀၀ ရှိနေပြီး သူတို့အတွက် စားစရာရိက္ခာ အခက်အခဲတွေ့နေတယ်လို့ ပြောကြပါတယ်။