ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောကြား
ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ ကမ်းလှမ်းမယ် ဆိုရင် အဆင်သင့်ရှိပါတယ်လို့ ပြောကြားလိုက် ပါတယ်။
-
2013-02-12 -
-
-
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြီး ပြောကြားခဲ့တာပါ။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းအားလုံးနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းပြောခဲ့ပါတယ်။
ဒီကနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကျောင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်း အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးနေရိန်ကျော် တင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |