ကနေဒါပြတိုက်က ဒေါ်အောင်ဆန်းစုကြည်ပုံကို မီးမှိန်ချထား
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ထွက်ပြေး ရတဲ့ကိစ္စမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ ကနေဒါပြတိုက်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မီးမှိန်ချထားလိုက်ပါတယ်။
-
2018-08-01 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zawe Win/ RFA
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ထွက်ပြေးရတဲ့ကိစ္စမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ ကနေဒါပြတိုက်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မီးမှိန်ချထားလိုက်ပါတယ်။
ဒါတင်မက လူ့အခွင့်အရေးအတွက် ပံ့ပိုးကူညီသူ ပုဂ္ဂိုလ်တစ်ရာ စာရင်းကနေလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြတိုက်က ပယ်ဖျက်လိုက်ပါတယ်။
ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား ခြောက်ဦးထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို ခုလို မီးမှိန်လိုက်ပေမဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာကို အပြောင်းအလဲမလုပ်ဘဲ ဓာတ်ပုံကိုလည်း ပြတိုက်က မဖယ်ရှားပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့အကြောင်း အသိပေးရှင်းလင်းထားပါတယ်။