ပိုလန်နိုင်ငံနည်းတူ လျှောက်လှမ်း ဖို့ ဒေါ်စုမျှော်မှန်း

ပိုလန်နိုင်ငံမှာ အာဏာရှင်အုပ်ချုပ်ရေးစနစ် ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားခဲ့တဲ့ အပေါ် အားကျခဲ့ရကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီလမ်းကြောင်းကို လိုက်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ပိုလန်နိုင်ငံကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပိုလန် ဒီမိုကရေစီခေါင်းဆောင် Lech Walesa (လက်ခ် ဗာဝင်ဆာ)ကို ပြောကြားခဲ့ပါတယ်။

ပိုလန်နိုင်ငံ၊ ဝါဆောတက္ကသိုလ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ် photo: Youtube

ပိုလန်နိုင်ငံမှာ အာဏာရှင်အုပ်ချုပ်ရေးစနစ် ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားခဲ့တဲ့အပေါ် အားကျခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလမ်းကြောင်းကို လိုက်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ပိုလန်နိုင်ငံကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပိုလန်ဒီမိုကရေစီခေါင်းဆောင် Lech Walesa  (လက်ခ် ဗာဝင်ဆာ)ကို ပြောကြားခဲ့ပါတယ်။

ပိုလန်ဒီမိုကရေစီအပြောင်းအလဲကို ရှေ့ဆောင်ခဲ့သူ Lech Walesa ဟာ ပထမဆုံးအကြိမ် ရွေးကောက် တင်မြှောက်ခံရတဲ့ သမ္မတဖြစ်ခဲ့ပါတယ်။   မိမိတို့မအောင်မြင်ခင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံနဲ့အခြေအနေ အတူတူပဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအောင်မြင်လိမ့်မယ် လို့ အကောင်းမြင်ကြောင်း Lech Walesa ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပိုလန်နိုင်ငံ နှစ်နှစ်ဆယ်လောက် စောပြီးလျှောက် ခဲ့တဲ့လမ်းပေါ်ကို မြန်မာနိုင်ငံက အခုမှစပြီးရောက် တာပါ၊  ဒါပေမယ့်ပိုလန်လိုပဲ ကျမတို့အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင် မယ်လို့ မျှော်လင့်ပါတယ်၊ မြန်မာဟာ ဒီမိုကရက်တစ်လူ့ဘောင်ပါလို့ ကျမတို့မပြောနိုင်သေးခင် အဲသလို ပြောနိုင်အောင် ရုန်းကန်နေရတဲ့ လှုပ်ရှားမှုအကြောင်း  နားလည်သဘောပေါက်ကြသူတွေနဲ့ တွေ့ဆုံရတာ အလွန်ပဲအားတက်မိပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဝါဆောတက္ကသိုလ် ဟောပြောပွဲမှာ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ ပတ်သက်ပြီး ကျမကိုမကြာခဏမေးကြပါတယ်၊ အဲသလိုအမေးခံရတိုင်းလည်း စိတ်မသက်မသာခံစားရပါတယ်၊ ကိုယ့်ကိုယ်ကိုကိုယ်ကျိုးစွန့် အနစ်နာခံနေတယ်လို့ တခါမှမမြင်ခဲ့ပါဘူး၊ ကျမအနေနဲ့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း၊ ကိုယ်ယုံကြည်တဲ့အတိုင်းသာလုပ်ခဲ့တာ၊ လုပ်နေတာပါ၊ တချို့တွေအတွက် အနစ်နာခံတယ်ဆိုတာက စီးပွားရေးသဘောဆန်ဆန်ဖြစ်နေတတ်ပါတယ်၊ ကိုယ်ကျိုးစွန့်ခဲ့လို့ တစ်စုံတရာပြန်ရရမယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒီပြဿနာကို မိမိတစ်ဦးတည်း ဖြေရှင်းလို့မရကြောင်း၊ တရားဥပဒေစိုးမိုးမှုနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ကြောင်းလည်း သူကပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝါဆောတက္ကသိုလ် မိန့်ခွန်းကို ဦးသစ်ဆင်းက ကောက်နုတ်တင်ပြထားပါတယ်။

ကြာသပတေးနေ့ညက ဝါဆောမြို့ ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာ ရှီရတန်ဟိုတယ်မှာကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်သူ မြန်မာဗိသုကာ ဦးသန်းထိုက်နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခဲ့တာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org