ဒေါ်အောင်ဆန်းစုကြည် ANU တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံရယူ

သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ကင်ဘာရာမြို့က ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ANU သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မနေ့က လက်ခံရယူခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို နိုဝင်ဘာလ ၂၈ ရက်နေ့က လက်ခံရယူ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် photo: Internet

သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့က ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မနေ့က လက်ခံရယူခဲ့ပါတယ်။

ဘွဲ့လက်ခံရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လူအတော်များများက လမ်းဆုံးပန်းတိုင်ကို ရောက်ကာ နီးနေပြီလို့ ထင်နေကြပေမယ့် တကယ်တော့ ခုမှအစပဲရှိပါသေးကြောင်း၊ မိမိတို့အနာဂါတ်အတွက် မိမိတို့ရွေးချယ်ခဲ့တဲ့လမ်းကို ဆက်လျှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးကို သြစတြေးလျနိုင်ငံက အားပေးကူညီမယ်လို့ မျှော် လင့်ကြောင်း ပြောသွားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မဲလ်ဘုန်းမြို့ Melbourne ကို ရောက်ရှိပြီး၊ နာမည်ကျော် Monash တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။

ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောကြားချက်တွေကို RFA အဖွဲ့သား ဦးဘအောင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org