ရန်လိုမှုရှောင်ကြဖို့ NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးနဲ့ ပတ်သက်ပြီး စည်းရုံးပြောဆိုရာ မှာ မှန်ကန်တဲ့ စည်းရုံးရေးသာဖြစ်ဖို့နဲ့ ရန်လိုတဲ့အပြု အမူတွေ ရှောင်ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရစဉ် photo: NLD Facebook

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စည်းရုံးပြောဆိုရာမှာ မှန်ကန်တဲ့ စည်းရုံးရေးသာဖြစ်ဖို့နဲ့ ရန်လိုတဲ့အပြုအမူတွေ ရှောင် ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပါတီဝင်တွေကို တိုက်တွန်းပြောကြား လိုက်ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာ ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပေါင်းတည်မြို့ နယ် အဖွဲ့ဝင်တွေကို တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် ကအခုလို မှာကြားခဲ့တာပါ။

"ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လိုမှ စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ကို ဖော်ဆောင်နိုင်မယ့် ဥပဒေ မဟုတ်ဘူး၊ ဒါအမှန်တရားပဲ၊ ကျမတို့က အမှန်တရားပေါ်မှာ အခြေခံပြီးတော့မှ လှုပ်ရှားရမယ်၊ စည်းရုံးရမယ်၊ လုပ်တဲ့အခါမှာ သိက္ခာရှိရှိနဲ့ အဆင့်မြင့်မြင့်လုပ်ပါ၊ ဖြစ်သလို၊ ရန်တွေ့သလို ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် ရိုက်သလိုနှက်သလို အဲလိုမျိုးပုံစံ လုံးဝမလုပ်ပါနဲ့၊ ကိုယ့်ရဲ့နိုင်ငံရဲ့သိက္ခာ၊ ကိုယ့်ရဲ့အဖွဲ့အစည်းရဲ့သိက္ခာကို ထိန်းသိမ်းပြီးတော့ မှန်ကန်တဲ့နည်းနဲ့လုပ်ပါ၊ ဒီဟာက သိပ်ပြီးတော့ အရေးကြီးတယ်၊ အရေးကြီးတဲ့အကြောင်းမို့ စည်းနဲ့ကမ်းနဲ့ ဥပဒေဘောင်အတွင်းကလုပ်ဖို့က အင်မတန်မှ အဓိကကျပါတယ်"

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်လိုသူတွေရှိသလို မပြင်ဆင်လိုတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေလည်းရှိကြောင်း၊ နိုင်ငံရေးဆိုတာ မိမိပါတီ မိမိတိုင်းပြည် သိက္ခာမကျအောင် ထိန်းသိမ်းရမယ့်တာဝန် လူတိုင်းမှာရှိကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် စည်းရုံးဟောပြောရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့အညီ ကြိုးပမ်းသွားဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org