ဒေါ်အောင်ဆန်းစုကြည် ဥရောပ ၃ နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၃ နိုင်ငံခရီးကနေ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ည ၇ နာရီလောက်မှာ ပြန်လည်ရောက်ရှိလာပါတယ်။
-
2013-09-18 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၃ နိုင်ငံခရီးကနေ ရန်ကုန်မြို့အပြည်ပြည်ဆိုင် ရာလေဆိပ်ကို ဒီနေ့ည ၇ နာရီလောက် မှာ ပြန်လည်ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်ခဲ့တာဖြစ်ပြီး၊ ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာကျင်းပတဲ့ ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သလို ကွယ်လွန်သူ ချက်သမ္မတဟောင်း မစ္စတာ ဗားစလပ်ဟာဗယ်ရဲ့ ဂူဗိမာန်ကိုလည်း သွားရောက် ဂါရဝပြုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး Dalai Lama နဲ့လည်း တွေ့ဆုံခဲ့သလို့ ပိုလန်နိုင်ငံခရီးစဉ်အတွင်း ပိုလန်နိုင်ငံ ဝန်ြကီးချုပ်၊ လွှတ်တော်ဥက္ကဌအပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သဘက်ခါ စက်တင်ဘာလ ၂ဝ ရက်နေ့ မနက် ၉ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် လေဆိပ်ကနေ စင်ကာပူနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။ စင်္ကာပူ ထိပ်သီးညီလာခံ ၂ဝ၁၃ ကို တက်ရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း စင်္ကာပူသမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော် အကြီးအကဲတွေအပြင် ဝါရင့်ဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ ဂိုချုပ်ထောင်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
ဒါ့ပြင် ခရီးစဉ်အတွင်း စင်္ကာပူ တက္ကသိုလ်တစ်ခုမှာ ဟောပြောပို့ချဖို့ရှိသလို စင်္ကာပူရောက် မြန်မာမိသားစုတွေ နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ မှာဖြစ်တယ်လို့ NLD ပါတီက သတင်းထုတ်ပြန်ထားပါတယ်။