ဒေါ်အောင်ဆန်းစုကြည်နေအိမ် လမ်းထိပ်လုံခြုံရေးချထား

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင် ရာနေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျ သိဒ္ဒိ ရပ်ကွက် မြနန်းဘုံသာလမ်း အိမ်နံပါတ် ၃၃ မှာ နေထိုင် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်လမ်းထိပ်မှာ အောက်တို ဘာလ ၄ ရက် မနေ့ကစပြီး လုံခြုံရေးရဲကင်း တခုချထားတာ ကို တွေ့ရပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က နိုငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်လုံခြုံရေးအတွက် အောက်တိုဘာလ ၄ ရက်နေ့ ကစပြီး လုံခြုံရေးချထားသည်ကို တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဒိ ရပ်ကွက် မြနန်းဘုံသာလမ်း အိမ်နံပါတ် ၃၃ မှာ နေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်လမ်းထိပ်မှာ အောက် တိုဘာလ ၄ ရက် မနေ့ကစပြီး လုံခြုံရေးရဲကင်း တခုချထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ISIS တွေက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်ကို ပစ်မှတ်ထားတဲ့ သတင်းတွေကိုလည်း ကမ္ဘာ့သတင်းစာတချို့ မှာ ဖော်ပြခဲ့သလို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အတွင်းစည်း၊ အပြင်စည်းတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့လုံခြုံရေးကို ဆောင်ရွက်နေ တယ်လို့ ပြောဆိုဖူးပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မနေ့ညနေက အတိုင်ပင်ခံရဲ့ အိမ်မှာ ညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org