ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒီကနေ့ နေပြည်တော် ပြည်သူ့ လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
-
2015-11-18 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒီကနေ့ နေပြည်တော် ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီး သူရဦးရွှေမန်းနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ဒုတိယ အကြိမ်ဖြစ်ပါတယ်။ ဒီကနေ့မနက်တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ ဇော်မြင့်မောင် တို့လည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလို တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းနဲ့ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးတဲ့အကြောင်းကိုတော့ မသိရှိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ မနေ့က အမျိုးသားလွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အများပြည်သူရဲ့ဆန္ဒအရ ရွေးကောက်ပွဲရလာဒ်အတိုင်း တည်ငြိမ်အေးချမ်းစွာ အကောင်အထည် ဖေါ်နိုင်ဖို့အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ ဆုံခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားပါတယ်။ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကလည်း တွေ့ ဆုံဆွေးနွေးမယ်လို့ အကြောင်းပြန်ထားပါတယ်။