ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူ ၄ ရက်ကြာ ခရီးစတင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံကို ဒီနေ့ကနေစပြီး လေးရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသမ္မတနိုင်ငံကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ထွက်ခွာစဉ် Photo: Ministry of Foreign Affairs Myanmar

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံကို ဒီနေ့ကနေစပြီး လေးရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံကို အလုပ်သဘော ခရီးစဉ်နဲ့ လေးရက်ကြာ လာရောက်မယ့်အကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာနကလည်း မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ သြဂုတ် ၁၉ ရက်ကစပြီး ၂၂ ရက်နေ့ထိ လေးရက်ကြာ သွားရောက်မယ့် ခရီးစဉ်မှာ စင်္ကာပူ သမ္မတနဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပြီး စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဝါရင့်ဝန်ကြီး ဂိုချောက်ထောင် အပါအဝင် ဒုတိယဝန်ကြီးချုပ်၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့မှာတော့ ၄၃ ကြိမ်မြောက် Singapore Lecture မိန့်ခွန်းကို ပြောကြားသွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ ကြုံတွေရတဲ့ အခက်အခဲတွေ နဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို ကမ္ဘာ့နိုင်ငံတွေသိရှိအောင် " မြန်မာနိုင်ငံဒီမို ကရေစီ အသွင်ကူးပြောင်း စိန်ခေါ်ချက်နဲ့ ရှေ့ဆက်ရမယ့်ခရီး" ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ်အပါအဝင် စင်္ကာပူနိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှု၊ ရင်းနှီးမြှပ်နှံမှု ကိစ္စရပ်တွေနဲ့ အာဆီယံအရေးတွေကို အမြင်ချင်းဖလှယ်သွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတုန်းက စင်္ကာပူနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက် ခဲ့ပြီး စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာလည်း ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတုန်းက မြန်မာနိုင်ငံကို လာရောက်လည် ပတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org