ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမည်
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမှာဖြစ်ပြီး သမ္မတ Tony Tan Keng၊ ဝန်ကြီးချုပ် Lee Hsien Loon နဲ့ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
-
2013-09-20 -
-
-
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမှာဖြစ်ပြီး သမ္မတ Tony Tan Keng၊ ဝန်ကြီးချုပ် Lee Hsien Loon နဲ့ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
ဒါဟာ စင်ကာပူနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးဖြစ်ပြီး ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါလီမန်ဥက္ကဌ Madam Halima Yacob ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ဒုတိယဝန်ကြီးနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့နဲ့လည်း တွေ့ဆုံပါမယ်။
ဒါ့အပြင် စင်ကာပူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၊ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်တွေကိုလည်း လေ့လာဖို့ရှိပါတယ်။
စက်မှုပညာပေးရေး တက္ကသိုလ်ကိုလည်း သွားရောက်မှာဖြစ်ပြီး စင်ကာပူရောက်ရှိချိန်မှာ မိန့်ခွန်း နှစ်ကြိမ်ပြောကြားမယ့်အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် Shangri-La ဟိုတယ်မှာ မနက်ဖြန် မိန့်ခွန်းပြောကြားပါမယ်။
စက်တင်ဘာ ၂၂ ရက်မှာတော့ စင်ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်မှာ ဟောပြောပါမယ်။