တရားဥပဒေ ထိန်းသိမ်းရေးဟာ လူတိုင်းမှာ တာဝန်ရှိ
တရားဥပဒေ ထိန်းသိမ်းရေးဟာ အုပ်ချုပ်သူတွေဘက်မှာတင် မဟုတ်ပဲ ပြည်သူလူထုမှာလည်း တာဝန်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်။
-
2013-03-22 -
-
-
Your browser doesn’t support HTML5 audio
တရားဥပဒေ ထိန်းသိမ်းရေးဟာ အုပ်ချုပ်သူတွေဘက်မှာတင် မဟုတ်ပဲ ပြည်သူလူထုမှာလည်း တာဝန်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်။
ဒီကနေ့ လွှတ်တော်အဆောက်အအုံ I-၁၂ အဆောင်မှာ သတင်းထောက်တွေက မေးမြန်းစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။
လက်ရှိ မိတ္ထီလာမြို့မှာ ဖြစ်နေတဲ့ မီးပွားဟာ မိတ္ထီလာမြို့တစ်ခုတည်းလို့ ပြောလို့မရပဲ မီးစတစ်ခုကနေ တခြားနေရာတွေကိုပါ ပြန့် သွားနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးလိုက်ပါတယ်။
မိတ္ထီလာမြို့ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပေးတဲ့နေရာမှာ ပြဿနာကို ဖြေရှင်းဆောင်ရွက်မှုမရှိပဲ စောင့်ကြည့်နေရုံသာတွေ့ရတယ်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့အနေနဲ့ တစ်ခုခုတုန့်ပြန်ရင် အများကပြစ်တင်ဝေဖန်တာတွေ ခံနေရတဲ့အတွက် စိုးရိမ်တာတွေလည်း ရှိနိုင်ကြောင်းထည့်သွင်းပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖြေကြားတဲ့အချက်တွေထဲက တစ်ချို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။