ဥရောပသုံးနိုင်ငံ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် စတင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်ဖို့ အတွက် ဒီနေ့ညနေမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
-
2013-09-10 -
-
-
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁ဝ ရက်နေ့က ဥရောပသုံးနိုင်ငံခရီးစဉ်ထွက်ခွာရန် ရန်ကုန်လေဆိပ် ကိုရောက်ရှိလာစဉ်
photo: RFA/ Kyaw Zaw Win
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့ သမ္မတနိုင်ငံတွေကို သွားရောက်ဖို့အတွက် ဒီနေ့ညနေမှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် Forum 2000 ဖောင်ဒေးရှင်း ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စက်တင်ဘာလ၂၀ ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် The Singapore Summit Connecting Asia & The World ညီလာခံကို တက်ရောက်မှာဖြစ်သလို စင်္ကာပူနိုင်ငံမှာရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။