ဒေါ်အောင်ဆန်းစုကြည် ရုပ်တု လေလံတင် ရောင်းချမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ကြေးသွန်းပန်းပုရုပ်ထုတစ်ခု၊ ပန်းအိုးတစ်ခုနဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခုတို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ဆီဒိုးနားဟိုတယ်မှာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ လေလံတင် ရောင်းချပါလိမ့်မယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စင်ကာပူနိုင်ငံ ISEAS မှာ ၂၀၁၈ သြဂုတ်လ ၂၁ ရက်နေ့ကကျင်းပတဲ့ Myanmar's Democratic Transition : Challenges and Way Forward ဟောပြောပွဲမှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ကြေးသွန်းပန်းပုရုပ်ထုတစ်ခု၊ ပန်းအိုးတစ်ခုနဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခုတို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ဆီဒိုးနားဟိုတယ်မှာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ လေလံတင် ရောင်းချပါလိမ့်မယ်။

အဲဒီ ပုံတူကြေးရုပ်ကို နော်ဝေအနုပညာရှင် Merete Sejersted Bodtker မရီးတာ စာယာ့စတက် ဗော့ကာ က  ထုလုပ်ခဲ့တာပါ။ ကြမ်းခင်းဈေးအဖြစ် ပုံတူကြေးသွန်းရုပ်ကို ငွေကျပ် သန်း ၅ဝ၊ ကျောက်စိမ်းလည်ဆွဲကို ကျပ် ၁ဝ သန်းနဲ့ ပန်းအိုးကို ကျပ် ၂ သန်း သတ်မှတ်ထားပါတယ်။ လေလံပွဲအတွက် ဝင်ခွင့်လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၁ဝဝ နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org