ဘာသာရေး၊ လူမျိုးရေး ပြောဆို စည်းရုံးသူတွေကို မယုံကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ဘာသာရေး၊ လူမျိုးရေးနဲ့ ပြောဆိုစည်းရုံးတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကိုမကြည့်ဘဲ ပြည်သူတွေကို အကြောက် တရားတွေနဲ့ စည်းရုံးတာဖြစ်တာကြောင့် ပြည် သူတွေ အနေနဲ့ မယုံကြည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးဟောပြောစဉ် Photo: Kyaw Htoon Naing/RFA

ဘာသာရေး၊ လူမျိုးရေးနဲ့ ပြောဆိုစည်းရုံးတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို မကြည့်ဘဲ ပြည်သူတွေကို အကြောက်တရားတွေနဲ့ စည်းရုံးတာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မယုံကြည်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မဲဆွယ်စည်းရုံးရေးဟောပြောပွဲမှာ တက်ရောက်သူ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရင် ဘာသာခြားတွေ လွှမ်းမိုးလာမလားဆိုပြီး မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ဒါဖြစ်သွားမယ် ဟိုဟာဖြစ်သွားမယ် ဟိုဟာတွေ လွှမ်းမိုးသွားမယ် ဒီဟာတွေ လွှမ်းမိုးသွားမယ် ဆို ပြီးတော့ ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့ ပြည်သူတွေရဲ့ ကြောက်စိတ်တွေကို ဆွပြီးတော့ ပြည် သူတွေရဲ့ မုန်းတီးစိတ်ကို ဆွပြီးတော့ စည်းရုံးနေတယ်လို့ ကျမမြင်ရပါတယ်၊ အဲဒီဟာက နိုင်ငံရဲ့အနာဂတ် အတွက် လုံးဝစဉ်းစားမှုမရှိတာလို့ ကျမမြင်ပါတယ်၊ ကျမတို့ရဲ့ ပြည်သူတွေအကျိုးအတွက် မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့အုပ်စု နိုင်ဖို့အတွက်ကိုပဲ စဉ်းစားပြီးတော့ ဒီလိုမသမာတဲ့နည်းတွေနဲ့ စည်းရုံးတဲ့ပုဂို္ဂလ်တွေ အဖွဲ့အစည်းတွေကို ယုံကြည်ပြီး ထောက်ခံမိမယ်ဆိုရင် ကျမတို့နိုင်ငံဟာ ဒုက္ခအများကြီးရောက်နိုင် ပါတယ်လို့ ကျမသတိပေးပါရစေ”

ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးစနစ်ကိုလည်း ပြောင်းလဲပစ်ရမယ်လို့ ပြောပါတယ်။

သံတွဲကနေ တောင်ကုတ်မြို့ကို လာရာလမ်းမှာ လမ်းတွေဆိုးလွန်းတဲ့အတွက် ကားစီးရတာနဲ့မတူဘဲ မြင်းစီးရ သလိုဖြစ်နေကြောင်း၊ သံတွဲမြို့မှာ တွေ့ရတာဟာလည်း ဆင်းရဲချမ်းသာကွာမှု ကြီးမားလွန်းတာကိုတွေ့ ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အန်အယ်လ်ဒီအနေနဲ့ တခြားပါတီတွေလို မဲဆွယ်စည်းရုံးရာမှာ ကတိမပေးနိုင်ကြောင်း၊ ပြည်သူတွေအားလုံး အလုပ်လုပ်နိုင်ပြီး တိုးတက်ဖို့အတွက် ပြည်သူအားလုံးခံစားနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ် လို့ ပြောပါတယ်။

အန်အယ်လ်ဒီသာ အနိုင်ရမယ်ဆိုရင် ဘယ်ပါတီဝင်တွေကိုမှ ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘဲ လူတိုင်းကို တပြေးညီဆက်ဆံသွားမယ်လို့လည်း ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကနေ ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org