သက်မွေးဝမ်းကျောင်းပညာ အလေးထားဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

အသက်မွေးဝမ်းကျောင်းပညာရေး စနစ် အောင်မြင်နေတဲ့နိုင်ငံတွေမှာ လူငယ်တွေနဲ့ လူမှုအသိုင်းတွေက သူတို့ကိုယ်သူတို့ ဒုတိယတန်းစားပညာသင်ယူနေတယ်လို့ မသတ်မှတ် ကြတဲ့အတွက် အသက်မွေးဝမ်းကျောင်းပညာရေး ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂို္ဂလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကကျင်းပတဲ့ နည်းပညာနဲ့ အသက်မွေးပညာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဟောပြောပြီးနောက် ပြခန်းတွေကို လှည့်လည်ကြည့်ရှုစဉ် Photo: Win Ko Ko Latt/RFA

အသက်မွေးဝမ်းကျောင်းပညာရေးစနစ် အောင်မြင်နေတဲ့နိုင်ငံတွေမှာ လူငယ်တွေနဲ့ လူမှုအသိုင်းတွေက သူတို့ ကိုယ်သူတို့ ဒုတိယတန်းစားပညာသင်ယူနေတယ်လို့ မသတ်မှတ်ကြတဲ့အတွက် အသက်မွေးဝမ်းကျောင်းပညာရေး ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။

ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ နှစ်ရက်တာကျင်းပမယ့် နည်းပညာနဲ့ သက်မွေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

"အသက်မွေးဝမ်းကြောင်းပညာသည် တကယ်အောင်မြင်တဲ့ နိုင်ငံမှာဆိုလိုရှိရင် ဒီပညာကို သင်ယူနေတဲ့ အရွယ်တွေရော၊ ဒီလူငယ်များရဲ့ မိဘများရော၊ သူတို့ရဲ့လူမှု အသိုင်းအဝိုင်းကရော၊ ဒီလူငယ်တွေကို ဒုတိယတန်းစားပညာ သင်ယူနေတဲ့လူငယ်တွေလို့ လုံးဝမသက်မှတ်ဘူး"

နိုင်ငံအများစုမှာ အသက်မွေးပညာတတ်တဲ့ လူငယ်တွေဟာ အလုပ်အကိုင်ပိုရတဲ့အကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည် က ပြောပါတယ်။

အသက်မွေးဝမ်းကြောင်း ပညာအဆင့်အတန်းဟာ နိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီမှုရှိဖို့ လိုတဲ့အကြောင်း၊ အစိုးရတရပ်တည်းတင် မဟုတ်ဘဲ အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲ (Public Private Partnership) စနစ်သွားဖို့ လိုတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်၊ ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NGO၊ INGO နဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

နည်းပညာနဲ့ သက်မွေးပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။ အဲ့ဒီပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သက်မွေးဝမ်းကျောင်းပညာ အရေးကြီးတဲ့အကြောင်း တက်ရောက် စကားပြောကြားခဲ့ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org