လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံကိစ္စမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
ဒီမိုကရေစီစနစ်အခြေခိုင်မာဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
-
2019-02-01 -
-
-
Your browser doesn’t support HTML5 audio
ဒီမိုကရေစီစနစ်အခြေခိုင်မာဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ တာဝန်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ ဒုတိယအကြိမ် လွှတ်တော် ၃ နှစ်မြောက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီတာဝန်ကို ထမ်းဆောင်တာဟာ ဒီမိုကရေစီကို ပြုစုပျိုးထောင်တာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ တရပ်ဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်ပြီးတဲ့ အချိန်မှာ အခုလို ပြောတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အတိုက်အခံဆိုတာ တိုက်ခိုက်ဖို့မဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး အရည်အချင်းတက်အောင် ဆောင်ရွက်ကြ ဖို့ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။