ကော့မှူးကြံ့ခိုင်ရေး ပါတီဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ တွေ့ဆုံ

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာ တဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်ကို မတ်လ ၁၉ ရက်နေ့က လာရောက်လေ့လာတဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံစကားပြောစဉ် photo: Myo Thant Khaing/RFA

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာတဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွေမှာ ကိုယ့်ပါတီအနိုင်ရအောင် ကြိုးပမ်းရာမှာလဲ ဂုဏ်သိက္ခာရှိစွာ ကြိုးစားကြဖို့လိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် တိုင်းပြည်ကို ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောတရားတွေကို နားလည်ကြဖို့ လိုအပ်ကြောင်း ပြောခဲ့သလို ဒီမိုကရေစီနိုင်ငံတွေ မှာ ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံတိုးတက်ရေး အတွက် နိုင်ငံသားတိုင်းက ကိုယ်တိုင်တာဝန်ယူကြ တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကို လာရောက်လေ့လာကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေကို အခုလိုလက်ခံတွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org