ရာနှုန်းပြည့် မဲအနိုင်ရဖို့ အရေး ကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲ မှာ ပြည်သူတွေပေးရမယ့် ဆန္ဒမဲဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာပေးခဲ့တဲ့ မဲထက်ပိုပြီး တန်ဖိုးရှိတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
-
2015-09-10 -
-
-
Your browser doesn’t support HTML5 audio
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူတွေပေးရမယ့် ဆန္ဒမဲဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ မှာပေးခဲ့တဲ့ မဲထက်ပိုပြီးတန်ဖိုးရှိတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကယားပြည်နယ် ဒီမောဆိုမြို့နယ် ကက်သလစ် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံလူထုအနေနဲ့ မဲပေးကြဖို့ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
"ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ကျမတို့ရဲ့အင်အားဟာ တဝက်ကျော်ပြီးတော့ အများစုအင်အားဖြစ်သွားမှာ ပါ၊ ဒါကြောင့် ကျမကို ဘယ်လောက်ရာခိုင်နှုန်း ရချင်သလဲဆိုရင် ကျမကအမြဲပဲ ၁ဝဝ ရာခိုင်နှုန်းရချင်တယ်လို့ ပြော ပါတယ်၊ ကျမတို့ ၁ဝဝ ရာခိုင်နှုန်းနိုင်မှ တကယ်တော့ ၇၅ ရာခိုင်နှုန်းပဲရမှာ၊ ဘာဖြစ်လို့လဲဆိုတော့ ၇၅ ရာ ခိုင်နှုန်းသောနေရာတွေကိုပဲ ပြည်သူတွေက မဲပေးပိုင်ခွင့်ရှိတာကိုး၊ ဒါကြောင့် အခုရွေးကောက်ပွဲမှာပေး မယ့် ပြည်သူ့မဲတွေဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ပြည်သူ့မဲတွေထက်တောင်မှ ပိုပြီးတန်ဖိုးရှိတယ် လို့ ပြောလို့ရှိရင် မမှားပါဘူး"
ဒါ့အပြင် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအားလုံးကို ထောက်ခံမဲပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေမှာလည်း ဒီနေ့ သွားရောက်ဟောပြောခဲ့ပြီး မနက်ဖြန်မှာ ဖားဆောင်းနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံ မှာဖြစ်ပါတယ်။ ဒါ့အပြင် ရှားတောနဲ့ မယ်စဲ့က ဒေသခံတွေနဲ့ စက်တင်ဘာလ ၁၂ရက်နေ့မှာ တွေ့ဆုံဟောပြောပြီး ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာမှာဖြစ်ပါတယ်။
ဒီမောဆိုမြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။