နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံက ဥယျာဉ်ခြံတခုကို သွားရောက်လေ့လာ

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဖူကူရှီးမားခရိုင်က သဘာဝနည်းနဲ့ စိုက်ပျိုးတဲ့ ဥယျာဉ်ခြံတခုကို သွားရောက်လေ့လာခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ ဂျပန်နိုင်ငံ ဖူကူရှိမားခရိုင် အီဇုမိဇကိရွာရှိ “Kokoron” လုပ်ငန်းစု၏ စိုက်ခင်းတွေကို ၂၀၁၈ အောက်တိုဘာလ ၇ ရက်နေ့က သွားရောက်လေ့လာစဉ် Photo: Myanmar State Counsellor Office

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဖူကူရှီးမားခရိုင်က သဘာဝနည်းနဲ့ စိုက်ပျိုးတဲ့ ဥယျာဉ်ခြံတခုကို သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒီခြံမှာ ဟင်းသီးဟင်းရွက်မျိုးစုံကို သဘာဝနည်းနဲ့ စိုက်ပျိုးထားပြီး၊ အသေးစား ဈေးကွက်ငယ်တခုကိုလည်း ထူထောင်ထားပါတယ်။

အဲဒီခြံမှာ မသန်စွမ်းသူတွေကို အလုပ်သမားတွေအဖြစ် ခန့်ထားတယ်လို့ သိရပါတယ်။

ဖူကူရှီးမား ခရိုင်ဟာ ၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီ ရေလိုင်းဒဏ် အကြီးအကျယ်ခံစားခဲ့ရတဲ့ နေရာဖြစ်သလို၊ အနုမြူဓါတ်ပေါင်းဖို ယိုစိမ့်တဲ့ဘေးနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

အခုအခါ မြန်မာနိုင်ငံမှာ ကျေးလက်လက်ဒေသတချို့ရဲ့ လယ်ယာ နဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်သမား ရှားပါးလာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျိုဒို သတင်းက ဖေါ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၆ ရက်ကြာကျင်းပမယ့် ၁၁ ကြိမ်မြောက် မဲခေါင် ဂျပန် ညီလာခံကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org