ဒေါ်အောင်ဆန်းစုကြည် ရွှေတောင် ကြားရပ်ကွက် မဲရုံမှာ မဲပေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဗဟန်းမြို့နယ်က ရွှေတောင်ကြားရပ်ကွက်က မဲရုံမှာ ဆန္ဒမဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူများကို မဲအသိပညာပေးခြင်းနဲ့ မဲပေးပုံပေးနည်း ကို ပြသနေစဉ် Photo: National League for Democracy Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဗဟန်းမြို့နယ်က ရွှေတောင်ကြားရပ်ကွက်က မဲရုံမှာ ဆန္ဒမဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေတောင်ကြားရပ်ကွက်က အခြေခံပညာမူလတန်းကျောင်း အမက ၃ မဲရုံမှာ မနက် ၇ နာရီခွဲမှာ ဆန္ဒမဲပေးပြီးနောက် သူ့ရဲ့မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်ကို သွားရောက်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မဲပေးမယ့် ဗဟန်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်လောင်း ဦးသောင်းထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်းတို့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ဗဟန်းမြို့နယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)တို့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ သူတို့နေထိုင်တဲ့ မြို့နယ်မှာ ဆန္ဒမဲပေးနိုင်သလို သူတို့ဝင်ရောက်ရွေး ချယ်ခံမယ့် မြို့နယ်ကို အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းပြီးလည်း ဆန္ဒမဲပေးခွင့်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org