နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် မနက်ဖြန် ရန်ကုန်မြို့ကနေ ထွက်ခွာမှာဖြစ်ပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်ဖြင့်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရစဉ် ဓါတ်ပုံ - ဝန်ကြီးချုပ် ဖြိုးမင်းသိန်း ဖေ့စ်ဘွတ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် မနက်ဖြန် ရန်ကုန်မြို့ကနေ ထွက်ခွာမှာဖြစ်ပါတယ်။

တရုတ် သမ္မတရှီကျင်းပင်၊ ဝန်ကြီးချုပ် လီခယ်ကျင်းတို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။

"အကြမ်းအားဖြင့်ခေါင်းဆောင်တွေထဲမှာ တရုတ်ဝန်ကြီးချုပ်တို့၊ တရုတ်သမ္မတတို့ပါပါတယ်၊ ခရီးစဉ်ကတော့ မနက်ဖြန်သွားပြီး တနင်္ဂနွေလောက်ပြန်လာမှာ၊ တရုတ် သမ္မတရှီကျင်းပင်ရဲ့ဇာတိပေါ့နော်၊ အဲ့ကိုသွားဖို့လည်း ပြဌာန်းထားပါတယ်၊  သူတို့ဖိတ်ကြားတဲ့ ကျနော်တို့နိုင်ငံနဲ့ ပတ်သက်ပြီးတော့မှ အစိုးရသစ်ကို သူတို့အနေနဲ့ ထောက်ခံအားပေးဖို့ ဖိတ်ကြားတယ်၊ ကျနော်တို့က ဒီခရီးစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်"

ရွေးကောက်ပွဲ မတိုင်ခင်က ပထမဆုံး တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဒီခရီးစဉ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးအရာရှိ Mr. Song Tao နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၂၁ ရက်နေ့မှာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org