မလေးရှား က မြန်မာတွေ ဒေါ်အောင်ဆန်း စုကြည် ကို စောင့်စားနေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် အချိန် ကာလကို ပြောလို့မရသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျ က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၄ ရက်နေ့က ထိုင်းအစိုးရရုံးမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် အချိန်ကာလကို ပြောလို့မရသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇေယျ က ပြောပါတယ်။

အာဆီယံနိုင်ငံတွေ စာရင်းကို တင်ပြထားဆဲဖြစ်ပြီး ဘယ်တော့သွားမလဲဆိုတာ ဆုံးဖြတ်ချက် မပေးသေးဘူးလို့ ဦးကျော်ဇေယျ က ပြောပါတယ်။

"ကျနော်တို့ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဆိုတော့ သွားတဲ့အထဲမှာတော့ ပါပါတယ်၊ ကျနော်တို့ တင်ပြထားတဲ့ အနေအထားပါ၊  လူကြီးတွေ ဆုံးဖြတ်မယ့် အနေအထားပါ၊ လောလောဆယ် ကျနော်တို့ အနေအထားနဲ့ အတည်ပြုပေးဖို့ မရသေးပါဘူး"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မလေးရှားနိုင်ငံ ခရီးစဉ်ကို ဇူလိုင် ဒါမှမဟုတ် သြဂုတ်လအတွင်းမှာ သွားရောက်ဖို့ရှိကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်က ထိုင်းနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှာ ရောက် ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့သလို ထိုင်းအစိုးရနဲ့လည်း မြန်မာအလုပ်သမား အရေး ဆွေးနွေးခဲ့ပါတယ်။

မလေးရှားရောက်  မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့် သူတို့ဘဝတွေ  တစ်စုံတရာ အတိုင်း အတာအထိ ပိုမိုကောင်းမွန်လာလိမ့်မယ်လို့  မျော်လင့်နေကြပါတယ်။ကွာလာလမ်ပူမြို့က ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးယဉ်မင်းအောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org