ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ဒေါ်အောင်ဆန်း စုကြည် ပါဝင်တင်ပြ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုဘယ်ဆုရှင် ငါးဦးက ကမ္ဘာတဝှမ်းက ရှေးဟောင်းအမွေအနှစ်ဒေသတွေ ကို ကာကွယ်စောင့်ရှောက်ရေးအတွက် အဆောတလျှင် လုပ်ဆောင်ကြဖို့ တိုက်တွန်းတဲ့ပန်ကြားလွှာတစ်ခုကို ကြာသပတေးနေ့ မနေ့က စုပေါင်းလက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးမှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုဘယ်ဆုရှင် ငါးဦးက ကမ္ဘာတဝှမ်း က ရှေးဟောင်းအမွေအနှစ်ဒေသတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် အဆောတလျှင်လုပ်ဆောင်ကြဖို့ တိုက်တွန်းတဲ့ပန်ကြားလွှာတစ်ခုကို ကြာသပတေးနေ့ မနေ့က စုပေါင်းလက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။

အဲဒီပုဂ္ဂိုလ်တွေက  အကြမ်းဖက်သမားတွေနဲ့ စစ်မက်ပဋိပက္ခတွေကြောင့် သမိုင်းဝင်အမွေအနှစ်တချို့ ပြန်လည် အစားထိုး မရတော့အောင် ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း အီရတ်၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်စတဲ့ တိုင်းပြည်တွေမှာ ပျက်စီးခဲ့ရပုံတွေကို သက်သေသာဓကအနေနဲ့ တင်ပြခဲ့ပါတယ်။

လက်မှတ်ထိုးတဲ့ နိုဘယ်ဆုရှင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုင်ဘေးရီးယားသမ္မတ Ellen Johnson အယ်လန် ဂျွန်ဆင်နဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ပါဝင်ပါတယ်။

ဒီအကြံပြုနှိုးဆော်လွှာကို အဘူဒါဘီမြို့မှာ သောကြာနေ့ ဒီကနေ့ စတင်ကျင်းပမယ့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ၂ ရက်ကြာ ညီလာခံအကြိုကာလမှာ အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org