ဂျပန်တွေရဲ့ စွမ်းပကား ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုပြောကြား
ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်း နောက်ဆက်တွဲ အနုမြူ ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု အန္တရာယ်တွေဟာ ကြီးမားလှတာ မှန်ပေမယ့် ဂျပန်နိုင်ငံသားတွေရဲ့ တုန့်ပြန် ရင်ဆိုင်နိုင်တဲ့ စွမ်းပကားက ပိုမို ကြီးမားလှပါတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားလိုက်ပါတယ်။
-
2011-03-26 -
-
-
ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က ငလျင်ကြီးနှင့် ဆုနာမိ ရေလှိုင်း ဒဏ်များ ခံရပြီးနောက် မီယာဂိ ခရိုင်၊ နာတိုရိမြို့တွင် မတ်လ ၁၂ ရက်က ပျက်စီး ပြိုလဲနေသော အဆောက်အအုံများကြားမှ အဖိုးအိုတဦးကို ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင် စစ်သည်တဦးက ကျောပိုး၍ ဘေးလွတ်ရာသို့ သယ်ဆောင် ပို့ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
RFA က ထုတ်လွှင့်နေတဲ့ အမေးအဖြေကဏ္ဍ အတွက် ဖြေကြားခဲ့ရာမှာ ဂျပန်နိုင်ငံက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင် ကူညီနေကြတဲ့အတွက် ဝမ်းသာ အားရပါကြောင်းနဲ့ ပြည်တွင်းပြည်ပ NLD အဖွဲ့ဝင်တွေကလည်း တတ်အားသမျှ ပါဝင် ကူညီမှာဖြစ်ကြောင်း၊ ပြည်တွင်း NLD အဖွဲ့ဝင်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ မကူညီနိုင်ပေမယ့် ကရုဏာထား စာနာကြောင်း ပြသတဲ့အနေနဲ့ ဆူနာမီနဲ့ ပတ်သက်တဲ့ ကဗျာတွေ စုပြီး ပို့ဖို့ စီစဉ်နေကြောင်း၊ နိုင်ငံခြားမှာရှိတဲ့ NLD လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေက ငွေကြေးစုဆောင်းပြီး ဂျပန်ကိုပို့ဖို့ စီစဉ်နေတယ်လို့လည်း သိရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။