လုံခြုံရေးအရ ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲကို ဖျက်သိမ်း

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီသီတင်းပတ် အတွင်း ကျင်းပမယ့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ ပွဲစဉ်တွေကို လုံခြုံရေး အရ မြန်မာဘက်က ဖျက်သိမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီသီတင်းပတ်အတွင်း ကျင်းပမယ့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ ပွဲစဉ်တွေကို လုံခြုံရေးအရ မြန်မာဘက်က ဖျက်သိမ်းလိုက်ပါတယ်။

ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ  Asia- Oceanua  အုပ်စု (၃) နဲ့ (၄) ပွဲစဉ်တွေကိုဖျက်သိမ်းလိုက်တာပါ။

ပြိုင်ပွဲဝင်မယ့် နိုင်ငံတွေဟာ ဘာရိန်း၊ အီရတ်နဲ့ ဆော်င်္ဒီအာရေဗျစတဲ့ အစ္စလမ်နိုင်ငံတွေက ဖြစ်တဲ့အတွက် လုံခြုံရေးအရ ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မကြာခင်က မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့အတွက် အခုလိုမူဆလင်နိုင်ငံတွေက အားကစားသမားတွေရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ် ITF က မေးမြန်းခဲ့ကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံတွေကလည်း လုံခြုံရေးကိစ္စ စိုးရိမ်နေကြတဲ့အတွက် ပွဲစဉ်တွေကို အားကစားဝန်ကြီးဌာနက ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း မြန်မာတင်းနစ်အဖွဲ့ချုပ် အတွင်းရေးမှူးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org