ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံ သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Mr. Sushil Koirala ရဲ့ ဖိတ်ကြားချက်နဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ နီပေါနိုင်ငံကို သွားရောက်မယ်လို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

သြစတြေးလျနိုင်ငံ ခရီးစဉ်အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် photo: RFA/ Kyaw Zaw Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Mr. Sushil Koirala ရဲ့ ဖိတ်ကြားချက်နဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ နီပေါနိုင်ငံကို သွားရောက်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမှာဖြစ်ပါ တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လုမ္ဗနီဥယျာဉ်ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၆ ရက်နေ့ မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org