ရန်ကုန် ထားဝယ်ချောင် ကျူးကျော် ၂၀၀ ကျော် အင်အားသုံး ဖယ်ရှားခံရ
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ထဲက အမှတ် (၁) တိုးချဲ့ရပ်ကွက် (ထားဝယ်ချောင်) မှာ နေထိုင်တဲ့ ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂ ရက် မနေ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်။
- 2021-12-03
-
-
-
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ထဲက အမှတ် (၁) တိုးချဲ့ရပ်ကွက် (ထားဝယ်ချောင်) မှာ နေထိုင်တဲ့ ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂ ရက် မနေ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်။
စည်ပင်ဝန်ထမ်းတွေက ရဲနဲ့စစ်သား အင်အား ၄၀ ကျော်နဲ့ နေအိမ်အများစုကို မြေထိုးစက်တွေနဲ့ ဖျက်ဆီး ဖယ်ရှားခဲ့ကြတာလို့ အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့ ဒေသခံတွေဟာ ထားဝယ်ချောင်အမှိုက်ပုံမှာ စွန့်ပစ်အမှိုက်တွေကို ရှာဖွေရောင်းချပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြသူတွေ ဖြစ်ပါတယ်။
အခုလို အင်အားသုံးဖယ်ရှားခံလိုက်ရပြီးနောက် အိမ်ငှားခလည်း မတတ်နိုင်လို့ သွားစရာနေရာမရှိဘဲ လမ်းဘေးမှာပဲ ဖြစ်သလိုနေကြရတော့မယ်လို့ ဖယ်ရှားခံလိုက်ရသူတွေက ပြောပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့သူအများစုဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်လောက် ပြောင်းရွှေ့ အခြေချနေထိုင်ကြတာဖြစ်ပြီး ဘုန်းကြီးကျောင်း ရှစ်ကျောင်းနဲ့ လူနေအိမ် ၇၉ လုံးရှိပါတယ်။