လူသားဆန်သော ပုဂ္ဂိုလ်များဆု ထားဝယ်မှာ ချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၅၀ ကျော်က ထားဝယ်ခရိုင်အတွင်း သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသခံတွေကို ကူညီနေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးနဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးကို "လူသားဆန်သော ပုဂ္ဂိုလ်များဆု" ဒီနေ့ ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်။

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်အနီး က နှုံးပွားကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းထဲက အိမ်ခြေ ၁၀၀ လောက်ကို ဒီလကုန်နောက်ဆုံးထား ပြီး ပြောင်းရွှေ့ပေးဖို့ စီမံကိန်းအကောင်အထည်ဖော် တဲ့ မြန်မာ့စီပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ညွှန်ကြားထားပါတယ်။

ထိုင်းနယ်စပ်မှာ အလုပ်အဆင်မပြေလို့ ပြန်လာတဲ့ သူတွေက စီမံကိန်းဧရိယာထဲမှာ ခြံစိုက်ပြီး လုပ်ကိုင်စားသောက်နေကြတာဖြစ်တယ်လို့ လက်ရှိနေထိုင်နေသူ ကိုကျော်စိုးမိုးက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်ကနေ ပြန်လာတဲ့ အလုပ်သမားတွေစုပေါင်းပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲဒီစီမံကိန်းထဲမှာ အမှတ် ၈ ကျေးရွာနာမည်နဲ့ အိမ်ခြေတစ်ရာလောက်ရှိတဲ့ ကျေးရွာတည်ပြီး လူဦးရေ ၃၀၀ နီးပါးလောက် နေထိုင်နေကြတာဖြစ်ပါတယ်။ အဲဒီနှုံးပွားကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကို မြန်မာ့စီပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က စတင်တူးဖော်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ရပ်နားခဲ့တာဖြစ်ပါတယ်။

ရပ်နားခဲ့တဲ့ စီမံကိန်းကို ပြန်လည်လုပ်ကိုင်မှာဖြစ်တာကြောင့် အိမ်ခြေတွေနဲ့ ဥယျာဉ်ခြံမြေတွေကို ဒီလကုန်မှာ အပြီးဖယ်ပေးဖို့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က စာပို့အကြောင်းကြားတာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org