ထားဝယ်က နယ်စည်းမခြားဆရာဝန်များ လုပ်ငန်းတွေရပ်ဖို့ ဖိအားပေးခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ လုပ်ကိုင်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရဲ့ဆောင်ရွက်နေမှုတွေ အားလုံးကို ရပ်ဆိုင်းထားဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အကြောင်းကြားစာကို မနေ့က လက်ခံရရှိတယ်လို့ MSF အဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

Photo: MSF

အာဏာပိုင်တွေရဲ့ အခုလို ရပ်ဆိုင်းခိုင်းတဲ့ ဆုံးဖြတ်ချက်ဟာ ထားဝယ်မြို့ မေတ္တာရိပ်ဆေးခန်းက ကုသပေးနေတဲ့ HIV လူနာပေါင်း၂၁ဝဝ ကျော်ကို ထိခိုက်စေမယ့်အပြင် တီဘီရောဂါသည်တွေကိုလည်း ထိခိုက်နစ်နာမှုတွေ ရှိမှာဖြစ်ကြောင်း ဒီအခြေအနေက လူနာတော်တော်များများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေမယ့် အခြေအနေဖြစ်တယ်လို့ MSF အဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူနာတွေ အခက်မကြုံရအောင် ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ အခြေအနေတွေကို နားလည်အောင်ရှင်းပြဖို့ ဒေသဆိုင်ရာ ကျန်းမာရေး အရာရှိတွေကို MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဆက်သွယ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေ အများအပြား ပါဝင်လှုပ်ရှားနေတာကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်က ကောင်းကောင်းမလည်ပတ်နိုင်တဲ့အခြေအနေ ရောက်နေတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org