ကျောက္ကာမီးဘေးအတွက် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်း ကူညီလှူဒါန်း

တနသာၤရီတိုင်းဒေသကြီး၊ ပုလောမြို့ နယ်၊ ကျောက္ကာကျေးရွာက မီးဘေးဒုက္ခ သည် ၁၈၀၀ ကျော်အတွက် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်း က ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ငွေကျပ်သိန်း ၆၀ ကို ဒီကနေ့ လှူဒါန်းခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော်ဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုလောမြို့နယ် ကျောက္ကာကျေးရွာက မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းစဉ် Photo: Daw Khin Kyi Foundation Facebook

တနသာၤရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာက မီးဘေးဒုက္ခသည် ၁၈၀၀ ကျော်အတွက် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေကျပ်သိန်း ၆၀ ကို ဒီကနေ့ လှူဒါန်းခဲ့ပါတယ်။

အိမ်ထောင်စုတစ်စုကို အသုံးအဆောင် ပစ္စည်း ၁၂ မျိုးစီနဲ့ နေအိမ်တွေ ပြန်တည်ဆောက်ဖို့အတွက် ငွေကျပ်သိန်း ၆၀ ကို လာရောက်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ပုလောမြို့နယ်၊ တိုင်းဒေသကြီးအမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးထင်ကျော်က လာပြီးလှူဒါန်းပါတယ်ခင်ဗျ၊ တန်ဖိုးငွေက သိန်း ၂ဝဝ ကျော်ဖိုးဖြစ်မယ်ခင်ဗျ၊ အိမ်ထောင်စုတစ်စုကို ပစ္စည်း ၁၂ မျိုးကို လာပြီးလှူဒါန်းပါတယ်၊

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ရက်နေ့က ကျောက္ကာကျေးရွာမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာကနေ ၅နာရီကြာ မီးလောင်ခဲ့ပြီး နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ လက်ရှိမှာ မီးမလောင်ဘဲကျန်ခဲ့တဲ့ နေအိမ်တွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာပဲ ယာယီနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့က ကျောက္ကာကျေးရွာက မီးလောင်သွားတဲ့နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ အတွက် ငွေကြေး နဲ့ အိမ်ဆောက်ပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org