လက်ရှိ မြန်မာ့နိုင်ငံရေး အခြေနေများ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ မေးမြန်းခဲ့

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်တို့ ဒီကနေ့ မနက်ပိုင်းက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့်အဖွဲ့ NLD ပါတီက ဖွင့်ထားသည့် AIDS/HIV ဂေဟာသို့ သွားရောက် တွေ့ဆုံစဉ်။

အဲဒီလို တွေ့ဆုံရာမှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်းက အခြေအနေများနဲ့ မြန်မာနိုင်ငံရေး လက်ရှိ အခြေအနေတွေကို ဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဇာဂနာ၊ မစုစုနွေးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ၆ ဦးနဲ့ မနက် ၁၁နာရီမှာ တွေ့ဆုံခဲ့သလို မွန်းလွဲပိုင်းမှာ ကိုကျော်သူ၊ ကိုဇေယျာသော်၊ နော်အုန်းလှ၊ ကိုမျိုးရန်နောင်သိန်း၊ ကိုတိုးကျော်လှိုင်၊ ကိုမောင်မောင်လေး စတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တင်ပြစရာ ရှိတာတွေကို တင်ပြခဲ့သလို အမေရိကန် ဘက်ကလည်း မြန်မာအစိုးရကို တိုက်တွန်း ပြောကြားတာတွေ လုပ်မယ်လို့ ဆိုကြောင်း ပထမ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကိုကြီးက ပြောပါတယ်။

အလားတူပဲ ဒုတိယတွေ့ဆုံပွဲမှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး စုံစုံလင်လင် အမြင်ဖလှယ်နိုင်ခဲ့တယ်လို့ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။ ဒီဆွေးနွေးပွဲများနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတွေကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org