လိပ်ကျွန်းလူသတ်မှုကိစ္စ ထိုင်းဝန်ကြီးချုပ် လာရောက်ချိန် ဆန္ဒပြမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထား တဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးရဲ့အမှုကို တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ဗြိတိန်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ် Photo: BangKok Post

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့  မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးရဲ့အမှုကို တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းဝန်ကြီး ချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဆန္ဒပြတောင်း ဆိုသွားမယ်လို့ သိရပါတယ်။

မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးနေမျိုးဇင်က  မနက်ဖြန် ထိုင်းဝန်ကြီးချုပ်လေဆိပ်ကို ရောက်လာ တဲ့အချိန်မှာ ဆန္ဒပြဖို့စီစဉ်ထားတယ်လို့ ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ မီဒီယာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ရသလောက်ဖတ်ကြည့်တော့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်စွပ်စွဲလာတဲ့ အချက်တွေဟာ ကွဲလွဲနေတယ်၊ လူသတ်မှုကျူးလွန်တဲ့သူလို့ လက်ခံလို့ မရနိုင်ဘူးခင်ဗျ၊ ဒီနေ့ ထိုင်းသတင်းစာအဖွဲ့တွေလည်း လာကြတယ်၊ မနက်ဖြန် ထိုင်းဝန်ကြီးချုပ် ရောက်မယ်လို့ သိရတယ်၊ ကျနော်တို့က လေဆိပ်နားမှာ အဆင် သင့်စောင့်ပြီးတော့ ဆန္ဒပြမယ်၊ မြန်မာနိုင်ငံသားတွေ တကယ်တရားမျှတမှု ပေါ်ပေါက်ပြီးတော့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်"

အလားတူပဲ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း သံသယတရားခံတွေအဖြစ် အခု ဖမ်းဆီးခံထား ရတဲ့ မြန်မာတွေအရေးကို  မျှတစွာကိုင်တွယ်ပေးဖို့ မနက်ဖြန် တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သွား မယ်လို့ သိရပါတယ်။

ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ မိဘဆွေမျိုးတွေကို စုံစမ်းပြီး သူတို့ရဲ့ ကိုယ်ရေးအချက် အလက်တွေကို စုဆောင်းကာ သက်သေအဖြစ်တင်ပြဖို့ စီစဉ်နေတယ်လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကလည်း ဖမ်းဆီးခံနေရသူတွေရဲ့မိဘတွေနဲ့ သူတို့သားတွေ တွေ့ ဆုံနိုင်ဖို့  ထိုင်းနိုင်ငံကို ခေါ်ဆောင်ရေးအတွက် မြန်မာနိုင်ငံသားတွေ စုပေါင်းစီစဉ်နေကြတယ်လို့ ပြောပါ တယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရ အမှုအတွက် ဖမ်းဆီးစစ်ဆေးခံခဲ့ရသူတွေထဲမှာ ကိုဇော်လင်းရဲ့ အစ်ကိုဖြစ်သူ ကိုဇော်ဝင်းဟာ လက်ရှိနေထိုင်အလုပ်လုပ်ကိုင်တဲ့ ခိုထောင်းကျွန်းကနေ မိဘတွေနေရပ်ဖြစ်တဲ့ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့ကို ဒီကနေ့ ပြန်လာနေပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org